TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 19:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။

ထိုသို့သောအားဖြင့် မြေကြီး သားတို့သည် အမှု တော်တို့ကို သိ ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် ကယ်တင် တော်မူခြင်း ကျေးဇူးကိုခံ ရကြပါစေသော။

ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။

ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။

တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။

ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။

အကြောင်း မူကား၊ ပင်လယ် ရေ သည် မိမိနေရာ ကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။

ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့တွင် ကျန်ကြွင်း သမျှ သောသူတို့ သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောရှင်ဘုရင် ကို ကိုးကွယ် ၍ ၊ သကေနေ ပွဲ ခံ အံ့သောငှါ မြို့တော်သို့ နှစ် တိုင်းအစဉ်တက် လာကြလိမ့်မည်။

¶ ယေရှု က၊ အချင်းမိန်းမ ၊ ငါ့ စကားကိုယုံ လော့။ ဤ တောင် သို့ မ လာ၊ ယေရုရှလင် မြို့သို့ မ သွားဘဲ ခမည်းတော် ကိုကိုးကွယ် ရမည် အချိန် ကာလရောက် ဆဲရှိ၏။

စေတနာ စိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား ၊ တစ်ပါး အမျိုးသားတို့သည် ဓမ္မဥစ္စာ ကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ ၍ခံရသည်မှန်လျှင် ၊ လောကီဥစ္စာ ကို လှူ၍ လုပ်ကျွေး အပ် ၏။

အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။