TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 45:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မြေကြီး ၌ လင်း စေခြင်းငှာ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။

ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။

ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။

ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

ထာဝရဘုရား သည် မိမိ လူစု ကို ခိုင်ခံ့ စေတော်မူမည်။ ထာဝရဘုရား သည် မိမိ လူစု အား ငြိမ်သက် ခြင်း ကောင်းကြီး မင်္ဂလာကို ပေးတော်မူမည်။

ဘုရား သခင်သည် စီရင် ပိုင်တော်မူ၏။ တ ယောက် ကို နှိမ့်ချ ၍ ၊ တ ယောက်ကို ချီးမြှောက် တော်မူ ၏။

ဘုရား သခင်၏ အမှု တော်ကိုဆင်ခြင် လော့။ ကောက် စေတော်မူသောအရာ ကိုအဘယ်သို့ ဖြောင့် စေ နိုင် သနည်း။

ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး ကိုသက်ရောက် စေတော်မူမည်။ စကား တော်မ ပျက် ဘဲ၊ ဆိုး သောလူမျိုး ကို၎င်း၊ မတရား သဖြင့် ပြု သောသူတို့ဘက်မှာ နေ သောသူတို့ကို၎င်းတဘက်၌ ထ တော်မူမည်။

မိုဃ်းမချုပ်မှီ၊ မိုက် သောတောင် ပေါ် မှာ သင် တို့သည် ထိခိုက် ၍ မ လဲမှီ၊ အလင်း ကို မြော်လင့် သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ် သော မှောင်မိုက်ကို ဖြစ် စေတော်မမူမှီ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။

နေ့ အချိန်၌ လင်း စရာဘို့ နေ ကိုခန့် ထား၍၊ ညဉ့် အချိန်၌ လင်း စရာဘို့ လ နှင့် ကြယ် တို့ကို စီရင် တော်မူထသော၊ သမုဒ္ဒရာ ကိုဆုံးမ ၍ လှိုင်း တံပိုးကို ဟုန်း စေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ဘွဲ့ နာမရှိတော်မူသောထာဝရဘုရား မိန့် တော်မူ သည်ကား ၊

အမြင့်ဆုံး သော ဘုရား၏နှုတ် ထွက်ရှိသည် အတိုင်း မင်္ဂလာ နှင့် အမင်္ဂလာ ဖြစ် တတ်သည် မ ဟုတ် လော။

သင့်အထက်၊ မိုဃ်း ကောင်းကင်၌ ထွန်းလင်း သော အလင်း အိမ် အလုံးစုံ တို့ကို မိုက် စေ၍၊ သင့် ပြည် ကို မှောင်မိုက် နှင့် ဖုံးလွှမ်း မည်။

မြို့ ထဲမှာ တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင် တော်မ မူဘဲ ဘေး တစုံတခုသည် မြို့ ထဲမှာ ရောက် လိမ့်မည်လော။

ထာဝရဘုရား ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် လျှင်၊ ယောသပ် အမျိုး အပေါ်မှာ မီး ကဲ့သို့ တက်၍၊ အဘယ်သူမျှမ ငြိမ်း နိုင်အောင် ဣသရေလအမျိုးကို လောင် စေတော်မူမည်။

ကိုယ်တော် ၏ အလိုရှိ သည်အတိုင်း၊ ရှေးမဆွကလက် တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာဘိသိတ် ပေးတော်မူသော သား တော်မြတ် ယေရှု ကို ဤ မြို့ ၌ ရန်ဘက် ပြု၍ စည်းဝေး ကြပြီ၊ အမှန် ဖြစ်ပါ၏။

ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။

မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။