TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 22:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင်သည်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက် တော်ထွက်စေခြင်းငှာ၊ တော ၌ ပြုမိသည်ကို မ မေ့ နှင့်၊ အောက်မေ့ လော့။ သင်သည် အဲဂုတ္တု ပြည် ထဲက ထွက် သော နေ့ မှစ၍ ဤ အရပ် သို့ ရောက် သည် တိုင်အောင် ထာဝရဘုရား ကို ပုန်ကန် ပြီ။

သင် တို့အမျိုးသည် ပုန်ကန် တတ်သော သဘော၊ ခိုင်မာ သောသဘော ရှိကြောင်းကို ငါ သိ ၏။ ငါ အသက် ရှင်၍၊ သင် တို့တွင် နေ စဉ်အခါ၊ ယနေ့ ပင် သင်တို့သည် ထာဝရဘုရား ကို ပုန်ကန် ကြပြီ။ ငါ သေ သောနောက် ထိုမျှမက ပြု ကြလိမ့်မည်။

ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။

ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊

အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။

အကယ် စင်စစ်သင်သည် မ ကြား မ သိ စဖူး။ သင် ၏ နား သည် အထက် က မ ပွင့်။ အကြောင်း မူကား၊ သင်သည် သစ္စာ ပျက်လိမ့်မည်။ ဘွား စကပင် သင့် ကို သူပုန် ဟူ၍သမုတ် ရလိမ့်မည်ကို ငါသိ ၏။

ယခု ဖြစ် သော အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင်ခြင် ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တော ကဲ့သို့၎င်း ၊ မှောင်မိုက် နိုင်ငံ ကဲ့သို့၎င်း ဖြစ် ဘူး သလော။ ငါ ၏လူ တို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော် ထံသို့ နောက် တဖန်မ ချဉ်းကပ် ဟု အဘယ်ကြောင့် ဆို ကြသနည်း။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။

ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ ၏ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။

သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။

ထာဝရဘုရား သည်လည်း၊ စောစောထ ၍ မိမိ ကျွန် ပရောဖက် အပေါင်း တို့ကို၊ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် တော်မူသော်လည်း ၊ သင်တို့သည် နား မ ထောင်ကြ။ အမိန့်တော်ကို ကြား ခြင်းငှါ နား ကို မ လှည့် ဘဲ နေကြ၏။

ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်သောကြောင့် ၊

ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။

သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။

သို့သော်လည်း ၊ သူတို့၏သား မြေးတို့သည် ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မ ကျင့်ကြံ ဘဲနေ၍၊ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူ တို့၌ ဒေါသ စိတ်ကို ပြေ စေခြင်းငှါ၊ တော ထဲမှာ ငါ ၏ အမျက် အရှိန်ကို သူ တို့အပေါ်သို့ သွန်းလောင်း မည်ဟု အကြံ ရှိ၏။

သူ တို့သည် အသက် ငယ်စဉ်အခါ၊ အဲဂုတ္တု ပြည်၌ မတရား သောမေထုန် ကို ပြုကြ၏။ ထို ပြည်၌ သူ တို့၏ သားမြတ် ကို ပွတ်နယ် ၍ အပျိုမ အသရေ ကို ရှုတ်ချကြ၏။