TSK

TSK · ယောလအနာဂတ္တိကျမ်း။ 2:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊

ယခု မှာ သင် တို့မျက်မှောက် ၌ ထာဝရဘုရား ပြု တော်မူလတံ့သော အမှု ကြီး ကို ငြိမ်ဝပ်စွာ နေ ၍ ကြည့်ရှု လော့။

သာယာ သော တော အရပ်တို့လည်း ယို ၍ ၊ တောင် တို့သည်လည်း ပီတိ ခါးစည်းနှင့် စည်း လျက် ရှိကြပါ၏။

ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။

¶ ဘမ်း သွားချုပ်ထားသော ဇိအုန် သားတို့ကို ထာဝရဘုရား ပြန်လာ စေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ် ကြ၏။

¶ တော နှင့် လွင်ပြင် သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံ သော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့် ကဲ့သို့ အပွင့် ပွင့် လိမ့်မည်။

အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။

သင်တို့သည် ဝမ်းမြောက် သောစိတ် နှင့် ထွက် ၍ ၊ ချမ်းသာ စွာ ပို့ ခြင်းကိုခံ ရကြလိမ့်မည်။ တောင် ကြီး တောင် ငယ်တို့သည် သင် တို့ရှေ့ မှာ သီချင်း ဆိုသံနှင့် ကြွေးကြော် ၍ ၊ တော ၌ရှိသမျှ သော အပင် တို့သည် လက်ခုပ် တီး ကြလိမ့်မည်။

ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။

မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။

တဖန် ယခု ကာလ ၌ ယေရုရှလင် မြို့နှင့် ယုဒ အမျိုး ကို ကျေးဇူး ပြုမည်ဟု ငါကြံ ပြန် ၏။ မ စိုးရိမ် ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။