TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 13:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။

ထိုနောက် တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ လူ သား ကို ဆိုး သောသူတို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။

¶ ထိုနောက် နှစ် ရက် လွန် လျှင် ပသခါ အဇုမ ပွဲရှိ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ ပရိယာယ် အားဖြင့် ဘမ်းဆီး ၍ သတ် ရအံ့နည်းဟု ရှာကြံ ကြ၏။

ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။

ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။

¶ ယေရှု ကလည်း၊ ငါ့ အချိန် မ ရောက် သေး။ သင် တို့ဘို့ ခပ်သိမ်း သောအချိန် သင့် လျက်ရှိ ၏။

¶ ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ် ဤ စကား တော်ကို ဘဏ္ဍာတိုက် မှာ မိန့်မြွတ် တော်မူ၏။ ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေးသောကြောင့် အဘယ်သူ ကိုမျှကိုယ်တော် ကိုမဖမ်းဆီး ကြ။

ယုဒ ပသခါ ပွဲခံခါနီး တွင် လူ များတို့သည်မိမိ တို့ကိုသန့်ရှင်း စေခြင်းငှာ ပွဲ မ ခံမှီအရပ်ရပ် တို့မှ ယေရုရှလင် မြို့သို့ လာ ကြ၏။

ခမည်းတော် သည် အလုံးစုံ တို့ကို သူ ၏လက် သို့ အပ်ပေး တော်မူသည်ကို၎င်း ၊ သူ သည်ဘုရားသခင့် ထံ တော်မှ ထွက်လာ သည်ကို၎င်း ၊ ဘုရားသခင့် ထံတော်သို့ ကြွသွား မည်ကို၎င်း ယေရှုသည်သိ တော်မူသည်နှင့်၊

ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။

ကိုယ် အဆွေ တို့အဘို့ အလိုငှာ ကိုယ် အသက် ကိုစွန့် ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာ သည် အဘယ်သူ ၌မျှမရှိ ။

ငါသည် ခမည်းတော် ထံမှ ထွက် ၍ ဤလောက သို့ ကြွလာ ပြီ။ တစ်ဖန် ဤလောက မှထွက် ၍ ခမည်းတော် ထံသို့ သွား ဦးမည် ဟု မိန့် တော်မူ၏။

အိုအဘ ၊ ဤကမ္ဘာ မတည် မရှိမှီ အထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်း အသရေနှင့် ယခု တွင်လည်း အကျွန်ုပ် ကိုအထံ တော်၌ ချီးမြောက် တော်မူပါ၏။

ယခု တွင် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ သွားရ မည်ဖြစ်၍ ၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက် ခြင်းနှင့် ပြည်စုံ မည်အကြောင်း ၊ ဤ စကားကို ဤလောက ၌ အကျွန်ုပ်ပြော ပါ၏။

ကိုယ်တော်သည်အကျွန်ုပ် ကိုချစ် တော်မူသောမေတ္တာ သည် သူ တို့၌ ရှိစေခြင်းငှာ ၎င်း၊ အကျွန်ုပ် သည် သူ တို့၌ ရှိ စေခြင်းငှာ၎င်း၊ ကိုယ်တော် ၏နာမ ကို အကျွန်ုပ်သည် သူ တို့အားပြညွှန် ပါပြီဖြစ်၍အစဉ်ပြညွှန်ပါမည် ဟု မိန့်မြွတ် တော်မူ၏။

မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။

အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။

ငါတို့သည် စိတ်စွဲလမ်း ခြင်းကို အစ ပြုသကဲ့သို့အဆုံး တိုင်အောင် တည်ကြည် လျှင် ၊ ခရစ်တော် နှင့် ဆက်ဆံ သောသူ ဖြစ်ကြ၏

သို့ဖြစ်၍ ၊ သင် တို့စိတ် နှလုံးကို ခါးပန်း စည်း ၍ သမ္မာ သတိရှိကြလော့။ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါ ၊ သင် တို့ဆီသို့ရောက် လတံ့သောဆု ကျေးဇူးကို အဆုံး တိုင်အောင်မြော်လင့် ကြလော့။

သစ္စာစောင့် သော သက်သေခံ ဖြစ်တော်မူထသော၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီ ဘုရင် တို့၏ အထွဋ် ဖြစ်တော်မူသော ယေရှု ခရစ် အထံတော်က ၎င်း၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည်သင် တို့၌ရှိပါစေသော။ ငါ တို့ကိုချစ် ၍ မိမိ အသွေး နှင့် ငါ တို့အပြစ် များကို ဆေးကြော တော်မူ၍၊