TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 15:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဖြောင့်မတ် သောသူတို့ သည်လည်း တည်ကြည်ခြင်း၊ လက် စင်ကြယ် သောသူတို့သည် ခွန်အား တိုးပွါးခြင်း ရှိကြလိမ့်မည်။

ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။

စိတ်နှိမ့်ချ သောသူတို့ သည် ထာဝရဘုရား ကို အမှီပြု ၍၊ ဝမ်းမြောက် ခြင်း တိုး ပွါးကြလိမ့်မည်။ လူ တို့တွင် ဆင်းရဲ သောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်း ကြလိမ့်မည်။

ငွေ ကို ချွတ် ၍ သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် ၍ သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ၍ ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။

လက် တော်တွင် စံကော ပါလျက်၊ မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့် ၊ မိမိ ဂျုံ စပါးကို ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့်ရှို့ တော်မူလတံ့ဟု ယောဟန်ဟောပြော ၏။

¶ အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် တဆေး နှင့်တူ ၏။ မိန်းမ သည် တဆေးကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ်သည် ဟု မိန့်တော်မူ၏။

လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။

ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး ဤ သင်္ဘောသဖန်း ပင်သို့ ငါလာ ၍ အသီး ကို ရှာ သော်လည်း မ တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။

သင် တို့သည် ငါ့ ကိုရွေးကောက် ကြသည်မ ဟုတ်။ ငါ သည် သင် တို့ကို ရွေးကောက် သဖြင့်၊ သင် တို့သည် သွား ၍ တည်ကြည် သောအသီး ကိုသီး မည်အကြောင်း နှင့် ငါ့ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာတောင်း သမျှ တို့ကို ရ မည်အကြောင်း သင် တို့ကို ငါခန့်ထား ၏။

ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။

¶ ငါသည် လူ ဘာသာစကားကို၎င်း ၊ ကောင်းကင်တမန် ဘာသာ စကားကို၎င်း ပြော နိုင်သော်လည်း မေတ္တာ မ ရှိ လျှင် အသံ မြည်သော တံပိုး ခရာကဲ့သို့၎င်း၊ တီး သံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ် ၏။

ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊

ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် တည်းဟူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းကြ၏။

ထိုသခင် ယေရှုခရစ်သည် ခပ်သိမ်း သော ဒုစရိုက် မှ ငါ တို့ကို ရွေးနှုတ် ခြင်းငှာ ၎င်း ၊ ကောင်း သော အကျင့် ဘက်၌ စိတ်အားကြီး ၍၊ ပိုင်ထိုက် တော်မူသော အမျိုး ကိုမိမိ အဘို့ စင်ကြယ် စေခြင်းငှာ၎င်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲ တော်မူပြီ။

အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိ အလို သို့လိုက် ၍ တခဏ သာဆုံးမ ပေးကြ၏။ ကိုယ်တော် မူကား ၊ မိမိ သန့်ရှင်း ခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှာ ၊ ငါတို့အကျိုး ကိုထောက် ၍သာ ဆုံးမပေးတော်မူ၏

ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါ တို့နှင့်မ စပ်ဆိုင် ကြ။ ငါ တို့နှင့်စပ်ဆိုင် လျှင် ငါ တို့နှင့်အတူ နေ ကြလိမ့်မည် ။ ထိုသူအပေါင်း တို့သည် ငါ တို့နှင့်မ စပ်ဆိုင် ကြောင်း ကို ထင်ရှား စေခြင်းငှာ ၊ ငါ တို့ထံမှ ထွက်သွား ကြ၏။