TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 16:28

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့ ကောင်းကြီး ပေးတော်မူစဉ် တွင်၊ တပည့် တော်တို့နှင့် ခွာ ၍ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံ တော်မူ၏။

¶ ပသခါ ပွဲ မခံမှီ ၌ ယေရှု သည် ဤ လောက မှ ခမည်းတော် ထံသို့ ပြောင်း ရသောအချိန် ရောက် သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက ၌ ရှိသောမိမိ လူ တို့ကိုချစ် တော်မူသောကြောင့်အဆုံး တိုင်အောင် ချစ် တော်မူ၏။

ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။

ခဏ ကြာပြီးမှသင်တို့သည်ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့သွားမည် ဟု မိန့်တော်မူ၏။

ယခုမှစ၍ အကျွန်ုပ်သည် ဤလောက ၌ မ ရှိ ပါ၊ ဤသူ တို့မူကား ၊ ဤလောက ၌ ရှိ ရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ သွား ရပါမည်။ သန့်ရှင်း တော်မူသောအဘ ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ် အား ပေး တော်မူသော ဤသူတို့သည် ဖြစ် ရပါမည်အကြောင်း ၊ သူ တို့ကို ကိုယ်တော် ၏ နာမ ၌ တည် စေတော်မူပါ။

တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။