¶ ဘုရား သခင်သည် အကျွန်ုပ် တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ၊ ကောင်းကြီး ပေး၍ မျက်နှာ တော်၏အလင်း ကို လွှတ်တော်မူပါစေသော။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:35
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။
ကုရှ ပြည်၏မြစ် တို့တဘက် ၊ အရပ်ရပ်၌ ကွဲပြား လျက်နေသောငါ ၏လူမျိုးသတို့သမီး ၊ ငါ့ ကို တောင်းပန် သောသူတို့ သည် ငါ့ အဘို့ ပူဇော် သက္ကာကို ဆောင် ခဲ့ကြ လိမ့်မည်။
လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။
ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။
ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။
လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။
တပါး အမျိုးသားတို့တွင် ဤ နက်နဲ သောအရာနှင့်ဆိုင်သောမဟာ စည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်း သူတို့သည် သိ စေခြင်းငှာ၊ ဘုရားသခင် အလိုရှိ တော်မူ၏။ ထို စည်းစိမ်ကား၊ ဘုန်း အသရေကို မြော်လင့် ခြင်းအကြောင်းတည်းဟူသောသင် တို့အထဲ ၌ တည် တော်မူသော ခရစ်တော် ပေတည်း။။
ထိုတရားကို ဟောပြော သောသူအရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း ၊ တစ်ပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ ကိုခန့်ထား တော်မူပြီ
¶ ယေရှု ခရစ် ၏ တမန်တော် ငါပေတရု သည်၊ နားထောင် ခြင်းကျေးဇူး၊ ယေရှု ခရစ် ၏ အသွေး တော်နှင့် ဖြန်း ခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ် တော်အားဖြင့် သန့်ရှင်း ခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသဉာဏ် တော်အတိုင်း ရွေးကောက် တော်မူသောသူတည်းဟူသော၊