TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 8:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့ သား ၊ သင်သည် ဘမ်း ယူကိုက်စားရာမှ တက် လာတတ်၏။ ဝပ် လျက် နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ် တွားတတ် ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။

အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် ကျော့ကွင်း များကို ထောင်ထားကြပါ၏။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် တနေ့လုံး မနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ် ကို ကြံစည် ကြပါ၏။

¶ ငါ သည်စကား ဖြင့် မျှ မပြစ်မှား မည်အကြောင်း၊ ကိုယ် ကျင့် ကို သတိ ပြုမည်။ မတရား သောသူသည် ငါ့ ရှေ့ မှာ ရှိ စဉ်၊ ငါ သည်ကိုယ်နှုတ် ကို ချည်နှောင် မည်ဟု ငါပြော ထား၏။

အဝတ်ကို ဆုတ် ရ သောအချိန် နှင့် ချုပ် ရ သောအချိန် လည်းရှိ၏။ တိတ်ဆိတ် စွာနေသော အချိန် နှင့် ၊ စကားပြော ရ သော အချိန် လည်းရှိ၏။

ထိုအချိန် နာရီတွင် လူ ၏လက်ဖျားသည် ပေါ် လာ၍ မီးခုံအထက်၊ နန်းတော် အုတ်ထရံ အင်္ဂတေ ၌ အက္ခရာ တင်၍ ရေးထား၏။ ထိုသို့ရေး သော လက်ဖျားကို ရှင် ဘုရင်မြင် တော်မူလျှင်၊

ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။

ကိုယ်တော် ကလည်း ၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့် သောသိုး များမှတစ်ပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမ စေလွှတ် ဟု မိန့် တော်မူ၏။

ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊

သူ တို့အဝင် အပါဖြစ်သော ကျမ်းတတ် တစ် ယောက်သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာ၊

ထိုအခါ ဖာရိရှဲ တို့သည် ထွက်လာ ၍ ကိုယ်တော် နှင့် ဆွေးနွေး ငြင်းခုံသည်တွင် စုံစမ်း နှောင့်ရှက်ခြင်းငှာ၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။

အကျွန်ုပ်တို့သည် ဆက် ရမည်လော၊ မ ဆက် ရမည်လောဟု မေးလျှောက် ကြ၏။ ကိုယ်တော် သည် ထို သူ တို့၏လျှို့ဝှက် ခြင်းကို သိ တော်မူလျှင် ၊ သင်တို့သည် ငါ့ ကိုအဘယ်ကြောင့် စုံစမ်း နှောင့်ယှက်ကြသနည်း။ ဒေနာရိ တစ်ပြားကို ငါကြည့် ဘို့ ယူခဲ့ ကြ” ဟု မိန့် တော်မူ၍၊

အချို့ တို့သည်လည်း ၊စုံစမ်း နှောက်ယှက်ခြင်းငှာမိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။

ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော် ကိုချောင်းမြောင်း လျက်၊ စကား တော်၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံ သောခွင့် ကိုရခြင်းငှာ သူတော်ကောင်း ဖြစ် ယောင်ဆောင် သောသူလျှို တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။

ထိုသူ အချို့ တို့သည် စုံစမ်း နှောင့်ရှက်ခြင်းကို ပြု၍၊ မြွေ ဖြင့် ပျက်စီး သကဲ့သို့ ငါတို့သည်မ ပြု၊ ခရစ်တော် ကို မစုံစမ်း မနှောင့်ရှက်ဘဲနေကြကုန်အံ့။