TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 9:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။

နားပင်း သောသူတို့၊ ကြား ကြလော့။ မျက်စိကန်း သောသူတို့၊ သင်တို့သည် မြင် ရအံ့သောငှါ ကြည့်ရှု ကြလော့။

လက် တော်ကိုဆန့် ၍ ငါ့ နှုတ် ကိုတို့ တော်မူလျက် ၊ သင် ၏နှုတ် ၌ ငါ့ စကား ကို ငါသွင်း ထားပြီ။

မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။

မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။

ကိုယ် ၏ဆီမီး ကား၊ မျက်စိ တည်း။ ထိုကြောင့် မျက်စိ ကြည်လင် သောအခါ တကိုယ်လုံး လင်း လိမ့်မည်။ မျက်စိမြှေးရှက် သောအခါ တကိုယ်လုံး မိုက် လိမ့်မည်။

လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။

¶ သခင် ၊ အကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏သား တော်ကား အဘယ်သူ နည်းဟု မေးလျှောက် သော်၊

ငါ့ ကို ယုံကြည် သမျှသောသူတို့သည် မှောင်မိုက် ၌ မ နေ စေခြင်းငှာ ငါ သည်အလင်း ဖြစ်လျက် ဤလောက သို့ ကြွလာ ပြီ။

သို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ဣသရေလ လူတို့သည် ရှာ သောအရာ ကို မ တွေ့မရ ကြ။ ရွေးကောက် တော်မူသော သူ တို့သာ တွေ့ရ ကြ၏။ ကြွင်း သောသူ တို့ကို မှောင်မိုက် ဖုံးလွှမ်း၏။

ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။

ပျက်စီး ခြင်းသို့ရောက်သော သူ တို့တွင်၊ မတရား သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ ခံ မယူကြ။

မိမိ ညီအစ်ကို ကို မုန်း သောသူ သည် မှောင်မိုက် ၌ ရှိ ၏။ မှောင်မိုက် ၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက် ကြောင့် သူ ၏မျက်စိ မ မြင်နိုင်သဖြင့် ၊ အဘယ် အရပ်သို့ ကိုယ်သွား သည်ကိုကိုယ်မ သိ ။