ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
TSK
TSK · ဝတ်ပြုရာကျမ်း 21:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ယောက်ျား သည် သမီး နှင့် အမိ ကို မယား ပြုလျှင် ၊ မ တရားသောအမှုဖြစ်၏။ သင် တို့တွင် မ တရားသော အမှုမ ရှိ စေခြင်းငှါ ၊ ထိုသူ သုံးယောက်တို့ကို မီး ရှို့ ရမည်။
ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။
သင် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့၌ ဖြစ် စေ၍၊ သင့် အား ငါပေးသော ပုပ္ပ နိမိတ် ဟူမူကား ၊ ထိုသူ နှစ် ယောက်တို့သည် တနေ့ခြင်း တွင် သေ လိမ့်မည်။
အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။
သင်တို့မျိုးစေ့ ကို ငါ ဖျက် မည်။ တိရစ္ဆာန်ချေး တည်းဟူသောသင် တို့ဓမ္မပွဲ ၏တိရစ္ဆာန်ချေး ကို သင် တို့မျက်နှာ ပေါ် ၌ ငါကြဲ မည်။ သူတပါးတို့သည် သင် တို့ကို ထိုတိရစ္ဆာန်ချေး နှင့်အတူ ယူ သွားကြလိမ့်မည်။
မိမိ အိမ် ကိုကောင်းမွန် စွာ အုပ်စိုး ၍ သမ္မာ သမာဓိရှိ သည်နှင့် ၊ မိမိ သားသမီး ကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။