TSK

TSK · ဝတ်ပြုရာကျမ်း 7:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။

ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။

တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊

ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို အကြင် သူသည် မ စင်ကြယ်သော အပြစ်ရှိ လျက်နှင့် စား မိ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။

အကြင် သူသည် တစုံ တခုသောအသွေး ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။

အတောင် ရှိလျက် ခြေလေး ချောင်းနှင့် တွား တတ်သော တိရစ္ဆာန်မျိုးရှိသမျှ တို့သည် သင် တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။

¶ တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

ထာဝရဘုရား အား ပူဇော်သက္ကာပြု ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်ဟု သူ တို့အား ဆင့်ဆို ရမည်။

ထိုသို့ သော ရွံ့ရှာ ဘွယ်အမှုတို့ကို ပြု သော သူ မည်သည် ကား၊ သူ ၏အမျိုး မှ ပယ်ရှင်း ခြင်း ခံရမည်။

ငါ့ သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေလျက် ၊ ငါ့ သန့်ရှင်း သော နာမ တော်ကို ရှုတ်ချ လျက် ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ငါ သည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။

နူနာ ၊ ရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ စား ရ။ အသေ ကောင်နှင့်ဆိုင်၍ မ သန့်ရှင်းသောအရာကို ထိ သောသူ၊ သုတ် ရည်ထွက် သော သူ၊

သို့သော်လည်း စားမြုံ့ ပြန်သောသား၊ ခွာ ကွဲပြား သော သားတို့တွင် မ စား ရသောသားဟူမူကား ၊ ကုလားအုပ် ၊ အာရနဘက် ၊ ရှာဖန် တို့သည် စားမြုံ့ ပြန်သော်လည်း ၊ ခွာ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။

သင်သည်အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင်တို့သည် အသွေး နှင့်တကွအမဲသားကို စား လျက် ၊ ရုပ်တု တို့ကို ဖူးမြော် လျက်၊ လူအသက် ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။