ထာဝရဘုရား သည်လည်း၊ မြေကြီး စွန်း တဘက် မှ သည် တဘက် တိုင်အောင် ၊ လူမျိုး အပေါင်း တို့တွင် သင့် ကို အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သင် နှင့် သင့် ဘိုးဘေး တို့ မ သိ ဘူးသော အခြား တပါးသောဘုရား ၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ဝတ်ပြု ရလိမ့်မည်။
TSK
TSK · ရှင်လုကာခရစ်ဝင်။ 21:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ၏ သန့်ရှင်း သူ တို့သည် ခဏ သာအစိုးရ ပြီးမှ၊ ရန်သူ တို့သည် သန့်ရှင်း ရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
ထိုသူ တို့တွင် အလံ ကို ငါထူ မည်။ ဘေးလွတ် သောသူတို့ ကို တာရှု ပြည် ၊ ဖုလ ပြည်၊ လေး လက်နက်ကို သုံး တတ်သော လုဒ ပြည်၊ တုဗလ ပြည်၊ ယာဝန် ပြည်မှစ၍၊ ငါ ၏နာမ ကိုမ ကြား ၊ ငါ ၏ဘုန်း ကိုမ မြင် ၊ ဝေး စွာသော တကျွန်း တနိုင်ငံအရပ်သို့ စေလွှတ် သဖြင့် ၊ တပါး အမျိုးသား တို့တွင် ငါ ၏ဘုန်း ကို ဟော ပြောကြလိမ့်မည်။
ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင် ၊
ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။
ညီအစ်ကို တို့၊ သင်တို့သည် ဝါကြွား သောစိတ်မ ရှိ စေမည်အကြောင်း ၊ တစ်ပါး အမျိုးသားအပေါင်းတို့သည် မ ဝင် မှီတိုင်အောင်၊ ဣသရေလ လူအချို့တို့ကို မှောင်မိုက် ဖုံးလွှမ်း ခြင်းအကြောင်း တည်းဟူသောနက်နဲ သောအရာ ကို မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ။