TSK

TSK · ရှင်မာကုခရစ်ဝင်။ 10:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အိုထာဝရဘုရား ၊ လောကီ သား ဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက် ကို လက် တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူ တို့သည် ယခုဘဝမှာ မိမိတို့အဘို့ ကိုခံရကြပါ၏။ သူ တို့အလို ကို ဘဏ္ဍာတော်နှင့် ပြည့်စုံ စေ တော်မူ၏။ သူ တို့သားသမီး တို့သည်လည်း ကြွယ်ဝ ၍ ၊ မြေး မြစ်စသည်တို့၌ မိမိ တို့ဥစ္စာ ကို ချန် ထားကြပါ၏။

ဘုရား သခင်ကိုမ ခိုလှုံ ၊ မိမိ ဥစ္စာ ကြွယ်ဝ ခြင်း၌ ကိုးစား ၍ ၊ မိမိ ဒုစရိုက် ၌ ခိုင်ခံ့ သောသူကို ကြည့် ပါဟူ၍သူ ၌ ရယ် ကြလိမ့်မည်။

မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။

ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။

ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

¶ တစ်ဖန် ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သူဌေး တစ်ဦး ၌ မြေ ကောင်း၍ အသီးအနှံ များလှ၏။

ကြား သောသူ တို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။

ချစ်သား တို့ ငါ သည်သင် တို့နှင့်အတူ ခဏ သာနေရ၏။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ ငါ သွား ရာ အရပ် သို့ သင် တို့မ ရောက် နိုင် ကြဟု ယုဒ တို့အား ငါပြော သကဲ့သို့ ယခု သင် တို့အား ငါပြော ၏။

ခရစ်တော် သည်သင် တို့အထဲ ၌ တည် လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာ ကို ငါခံရသောငါ့ ချစ်သား တို့၊

¶ အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။

ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။

သင်ကလည်း၊ ငါသည်ဥစ္စာ ရတတ်၏။ ဘဏ္ဍာ များကိုဆည်းပူးပြီး။ တစ်စုံတစ်ခု ကိုမျှမလို ဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်း ခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲ ခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ် အချည်းစည်းရှိခြင်း ဖြစ် သည်ကို မ သိ ပါတကား ။