ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 10:52
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
ယေရှု သည် လှည့် ၍ ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။
မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
ယေရှု သည် ထို အရပ်မှကြွ ၍ ဂါလိလဲ အိုင် နား သို့ရောက် တော်မူလျှင်တောင် ပေါ်သို့ တက် ၍ ထိုင် တော်မူ၏။
ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
နောက်တစ်ဖန် သူ၏ မျက်စိ ပေါ်မှာ လက် တော်ကိုတင် ၍ ကြည့်မျှော် စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံ တို့ကို ရှင်းလင်း စွာမြင် လေ၏။
တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ် ဆိုး ဘေး၊ အနာ ရောဂါ ဘေးနှင့် ကင်းလွတ် စေတော်မူသောမိန်းမ အချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမ တို့တွင် နတ်ဆိုး ခုနစ် ယောက် ထွက် သော မာဂဒလ ဟုခေါ်ဝေါ် သောမာရိ ၊
ငါ သည် ဤလောက ၌ ရှိ စဉ် တွင် ဤလောက ၏အလင်း ဖြစ်၏ ဟု မိန့် တော်မူပြီးလျှင်၊
¶ ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။