TSK

TSK · ရှင်မဿဲခရစ်ဝင်။ 21:34

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊”

တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။

ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။

ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။

တရား အမှုကို တရား သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့် တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။

ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့ လက်မှ စပျစ် သီး ကိုခံ စေခြင်းငှာ သူ တို့ရှိရာ သို့ ငယ်သား ကို စေလွှတ် လေ၏။”