TSK

TSK · တောလည်ရာကျမ်း 4:15

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။

တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။

သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။

သန်ရှင်း ရာဌာနတော်အမှု ကို စောင့်ရသောကောဟတ် သား တို့သည်၊ မိမိ တို့ ပခုံး ၌ ထမ်းရွက် ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမ ပေး။

လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။

ယောရှု သည် မောရှေ မှာ ထားသည်အတိုင်း ၊ လူ များတို့အား ဆင့်ဆို စေခြင်းငှါ ထာဝရဘုရား မိန့် တော်မူသမျှတို့ကို အကုန်အစင် ပြု သည်တိုင်အောင် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ၌ ရပ် နေကြ၏။ လူ များတို့သည်လည်း ကြိုးစား ၍ ကူး ကြ၏။

နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။

ဇာဒုတ် နှင့် လေဝိ လူအပေါင်း တို့သည်လည်း ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက် ရောက်လာ၍ သေတ္တာ တော်ကို ချထား ကြ၏။ လူ အပေါင်း တို့သည် မြို့ ထဲက ထွက် ၍ မ ကုန် မှီတိုင်အောင်အဗျာသာ သည် ယဇ်ပူဇော် လျက် နေ၏။

ခိဒုန် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာ တော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည်လက် ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏။

ထာဝရဘုရား အမိန့် တော်နှင့်အညီ မောရှေ မှာထား ခဲ့သည်အတိုင်း ၊ လေဝိ သား တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းဘိုး ဖြင့် ထမ်း ကြ ၏။