အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် ရှေ့ တော်၌ မျက်နှာ ရသောအကြောင်း သည် အဘယ် သို့ထင်ရှား ပါမည်နည်း။ အကျွန်ုပ် တို့နှင့် ကြွ သွားတော်မူသောအားဖြင့် သာ ထင်ရှားပါမည် မဟုတ် လော။ ထိုသို့ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် မြေကြီး ပေါ် မှာ ရှိသမျှ သော လူ တို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊
TSK
TSK · တောလည်ရာကျမ်း 6:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သစ္စာ ဂတိပြု ၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင် အဘိုး ပြတ်သည်အတိုင်း ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည်။
မိန်းမ သည် အဘ အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း၊
အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
ရှံဆုန်သည် မိမိ စိတ်နှလုံး ၌ ရှိသမျှ အတိုင်းပြော ၍၊ ငါ့ ဆံပင် ကို တခါမျှ မရိတ် သေး။ အမိ ဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ်၏။ ငါ့ဆံပင်ကိုရိတ် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
¶ သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။
သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။
ထိုကြောင့် အကျွန်ုပ် တို့ဆို သည်အတိုင်း ပြု ပါလော့။ သစ္စာ ဂတိ ပြု ပြီးသော လူ လေး ယောက်သည် အကျွန်ုပ် တို့တွင်ရှိ ၏။
ဘုရားသခင် ၏ဗိမာန် တော်သည် ရုပ်တု တို့နှင့် အဘယ်သို့ စပ်ဆိုင် ရမည်နည်း။ ဘုရားသခင် မိန့် တော်မူသည်ကား၊ သူ တို့တွင် ငါကျိန်းဝပ် မည်။ သူတို့တွင်လှည့်လည် ၍ သူ တို့၏ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဗိမာန် တော်ဖြစ် ကြ၏။
အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း မ ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ