TSK

TSK · သုတ္တံကျမ်း။ 11:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။

¶ ဆင်းရဲ သောသူကို အောက်မေ့ သောသူသည် မင်္ဂလာ ရှိ၏။ ခဲယဉ်း သောကာလ ၌ ထိုသူ ကို ထာဝရဘုရား ကယ်နှုတ် တော်မူမည်။

သဘောဖြောင့် သောသူတို့ အဘို့ ၊ မှောင်မိုက် ထဲ မှာ အလင်း ပေါ်ထွန်း တတ်၏။ ထိုသို့သောသူသည် ကျေးဇူး ပြုတတ်သော သဘောနှင့် သနား စုံမက်တတ် သော သဘောရှိ၍ ၊ တရား သဖြင့် ပြုတတ်၏။

ကရုဏာ မျက်စိ ရှိသောသူ သည် ဆင်းရဲ သောသူတို့ ကိုကျွေး သောကြောင့် မင်္ဂလာ ရှိလိမ့်မည်။

စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။

မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။

သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။

¶ သင်တို့သည် သူတစ်ပါး တို့၏အပြစ် ကိုလွှတ် လျှင် ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သင် တို့၏အပြစ်ကို လွှတ် တော်မူမည်။

သူတစ်ပါးအားပေး ကြလော့။ ပေးလျှင် သူတစ်ပါးသည် သင် တို့အားပေး ကြလိမ့်မည်။ အမှန် ခြင် ရုံမျှမက၊ သိပ်နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက်ရှိခြင်းနှင့် သင် တို့ရင်ခွင် ၌ ပေး ကြလိမ့်မည်။ အကြောင်းမူကား ၊ အကြင် ချိန်၊ တင်းပမာဏ နှင့် သင် တို့သည် သူတစ်ပါးအားပေး ၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။

ထိုသို့ ငါဆိုသော်၊ အလှူ ကို ရှာ သည်မ ဟုတ်၊ သင် တို့၌ ကြွယ်ဝ သောအကျိုး ကို ရှာ ၏။။

¶ အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။