မိုက် သောသူသည် အထံတော်သို့ မ ဝင် ရ။ မ တရားသဖြင့် ပြု သောသူအပေါင်း တို့ကို မုန်း တော်မူ၏။
TSK
TSK · သုတ္တံကျမ်း။ 15:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။
ထောင်လွှား သောမျက်နှာ ၊ မာန ကြီးသောနှလုံး ၊ မ တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။
ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။
¶ ဖြောင့်မတ် ခြင်းတရားသို့ လိုက်၍ ထာဝရဘုရား ကို ရှာ သောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင်တို့ကို ခုတ် ယူရာ ကျောက် နှင့် ၊ တူး ယူရာ တွင်း ဝကို ကြည့် ရှုကြလော့။
ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း ၊
ကိုယ်တော်သည် ဒုစရိုက် ကို ကြည့်ရှု တော်မမူ။ သန့်ရှင်း သော မျက်စိ ရှိတော်မူ၏။ အဓမ္မ အမှုကို ကြည့်ရှု ၍ နေတော်မ မူတတ် ပါ။ သို့ဖြစ်၍ ၊ သစ္စာ ပျက်သောသူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိ ထက် ဖြောင့်မတ် သောသူကို ကိုက်စား သောအခါ ၊ အဘယ်ကြောင့်တိတ်ဆိတ် စွာ နေတော်မူသနည်း။
သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။