TSK

TSK · သုတ္တံကျမ်း။ 19:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ သင် တို့တွင် ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူသည် ပေါ် လာ၍၊

¶ ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။

မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ အတတ်မ ရှိသည်ကို သိမြင် လျှင် ၊ ထိုသူ ကို ရှောင် သွား လော့။

ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။

ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”

မဆိုင်သောသူတို့၏စကား သံကို မ ကျွမ်း သောကြောင့် ၊ မဆိုင်သောသူနောက် သို့မ လိုက်ဘဲ ပြေး တတ် ကြသည် ဟု မိန့်တော်မူ၏။

အကြောင်းမူကား ၊ သူတစ်ပါးတို့သည် လူ ပရိယာယ် နှင့် အပြစ်သို့ သွေးဆောင် ခြင်းငှာ လှည့်ဖြား ပြောဆို သဖြင့် ၊ ငါ တို့သည်နောက်တဖန်ခပ်သိမ်း သော ဩဝါဒ လေ တိုက် ၍ ဖရိုဖရဲ လွင့်သွားသော သူငယ် မ ဖြစ်ဘဲလျက်၊

ခြားနားသောဩဝါဒကိုသင်ပေး ၍ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ စကား တည်းဟူသောစင်ကြယ် သော စကားကို၎င်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒ ကို၎င်း ဝန် မ ခံသောသူ မည်သည်ကား

¶ ချစ်သူ တို့၊ ခပ်သိမ်း သောစိတ် ဝိညာဉ်တို့ကို မ ယုံ ကြနှင့်။ စိတ် ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင် သည် မစပ်ဆိုင်သည်ကိုစုံစမ်း ကြလော့။ အကြောင်းမူကား ၊ မိစ္ဆာ ပရောဖက်အများ တို့သည် ဤလောက သို့ သွား ကြပြီ။

သင်သည်မတရား သောသူတို့ကို လက် မ ခံနိုင် ကြောင်း ကို၎င်း၊ တမန်တော်မ ဟုတ် ဘဲ၊ တမန်တော် ဖြစ် ယောင်ဆောင်သောသူ တို့ကို စစ်ဆေး ၍ လှည့်ဖြား သော သူဖြစ်သည်ဟု သိ ကြောင်းကို၎င်း ၊