ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။
TSK
TSK · သုတ္တံကျမ်း။ 23:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။
ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမ ပြန် ဘဲ တိတ်ဆိတ် စွာ နေကြ၏။ အကြောင်း မူကား၊ ပြန် မ ပြော နှင့်ဟု ရှင်ဘုရင် အမိန့် တော်ရှိသတည်း။
¶ ငွေ ကို တပ်မက်သော ဖာရိရှဲ တို့သည် ထို စကားများ ကို ကြား လျှင် ၊ ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
သူသည် အကျွန်ုပ် မျက်စိ ကိုဖွင့် သော်လည်း အဘယ် ကဖြစ် သည်ဟု သင် တို့မ သိ ကြသည်ကို အံ့ဩဘွယ် ရှိ ၏။
လူ များ တို့က၊ သူသည်နတ်ဆိုး စွဲ ၍ အရူး ဖြစ်၏။ သူ့ စကားကို အဘယ်ကြောင့် နားထောင် သနည်းဟု ဆို ကြ၏။
ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။
ထိုသို့ အချင်းချင်း သဘော ကွဲပြား၍ သွား ကြ၏။ သွားကြစဉ်တွင် ပေါလု သည် စကား တစ် ခွန်းကို ပြော လိုက် သည်မှာ၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ပရောဖက် ဟေရှာယ အားဖြင့် မိန့် တော်မူချက်ဟူမူကား၊
ငါ တို့သည် ခရစ်တော် ၏ အကြောင်း ကြောင့် လူမိုက် ဖြစ်ကြ၏။ သင် တို့မူကား ၊ ခရစ်တော် ၌ ပညာရှိ ဖြစ်ကြ၏။ ငါ တို့သည် အားနည်း သောသူ ဖြစ်ကြ၏။ သင် တို့မူကား ၊ အစွမ်း သတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူဖြစ်ကြ၏။ ငါ တို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍ ၊