TSK

TSK · သုတ္တံကျမ်း။ 24:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့မ ပြု လျှင် မူကား ၊ သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား ခြင်းရှိသည်အတိုင်း ၊ ထိုအပြစ် သည် သင် တို့ကို လိုက် ၍ မှီလိမ့်မည်။

လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ၍ ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။

သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။

ဖြောင့်မတ် သောသူသည်များစွာ သော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရား သည် ခပ်သိမ်း သောဒုက္ခ ဆင်းရဲထဲ က ကယ် လွှတ်တော်မူ၏။

အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။

အပြစ် ရှိသောသူတို့ ကို ဘေး လိုက် တတ်၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။

အစဉ် မပြတ်ကြောက်ရွံ့ သောသူ သည် မင်္ဂလာ ရှိ ၏။ မိမိ စိတ် နှလုံးကို ခိုင်မာ စေသောသူမူကား ၊ ဘေးဥပဒ် နှင့် တွေ့ လိမ့်မည်။

ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။

အချင်းရန်သူ ၊ ငါ့ အပေါ် မှာ ဝါကြွား ဝမ်းမြောက်ခြင်း မ ရှိနှင့်။ ငါလဲ သော်လည်း ထ ဦးမည်။ မှောင်မိုက် ၌ ထိုင် ရသော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ အလင်း ဖြစ် တော်မူလိမ့်မည်။

ညီအစ်ကို တို့၊ အာရှိ ပြည်၌ ငါ တို့ခံရသော ဆင်းရဲ ခြင်းတည်းဟူသော အသက် မ လွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်း ထက် အလွန် လေး သော ဆင်းရဲခံရကြောင်း ကို သင် တို့မ သိဘဲ နေစေခြင်းငှာငါ တို့ အလိုမ ရှိ။

သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။

ကောင်းကင် မှစ၍ သန့်ရှင်း သူ တမန်တော် ပရောဖက် တို့၊ သူ ကို ကြည့်ရှု၍ ဝမ်းမြောက် ကြလော့။ ဘုရားသခင် သည် သင် တို့ဘက်၌ နေ၍၊ သူ့ ကို တရား စီရင် တော်မူပြီဟုပြောဆိုသည်ကို ငါကြား၏။