အာဗြဟံ သည်၊ မိမိ အိမ်သား တို့တွင် အသက် ကြီး၍ ဘဏ္ဍာစိုး လုပ်သောသူကို ခေါ် လျက်၊
TSK
TSK · သုတ္တံကျမ်း။ 27:18
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သို့ဖြစ်၍ ထောင် မှူး သည် ထောင်၌ ချုပ် ထားသော သူအပေါင်း တို့ကို ယောသပ် လက် သို့ အပ်၍၊ ထောင် ထဲ တွင် ပြု သမျှ သောအမှုကို ယောသပ်စီရင် ရ၏။
ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
ရှုရိ လူတို့သည် အလိုအလျောက်တပ် ဖွဲ့၍ ချီ သွား စဉ်တွင်၊ ဣသရေလ ပြည် မှ ဘမ်း ခဲ့သော မိန်းမ ငယ် တယောက်သည် နေမန် ၏မယား ထံ ၌ ကျွန်ခံ ရ၏
သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏
ကျွန် တို့သည် သခင် လက် ကို ၎င်း၊ ကျွန် မတို့သည် သခင်မ လက် ကို ၎င်းမျှော် ကြည့်သည်နည်းတူ ၊ အကျွန်ုပ် တို့ သည် ကယ်မ သနားတော်မူခြင်းကျေးဇူးကို မ ခံမှီတိုင်အောင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို မျှော် ကြည့်လျက်နေကြပါ၏။
ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။
ထိုအကြောင်းအရာတို့ကို ငါပြော နှင့်ပြီ။
အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။
သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
ထိုသို့ ပြောဆို သော ကောင်းကင်တမန် သွား ပြီးမှ ၊ ကော်နေလိသည် မိမိငယ်သား နှစ် ယောက်နှင့်တကွ မိမိ ထံ၌မပြတ်ခစား သောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော် သော စစ်သူရဲ တစ်ယောက်ကိုခေါ် ၍ ၊
အဘယ်သူ သည် ကိုယ် စရိတ် ကို သုံး၍ စစ်မှု ကို ထမ်းရသနည်း။ အဘယ်သူ သည် ဥယျာဉ် ကိုစိုက်ပျိုး ၍ အသီး ကိုမ စား ဘဲနေရသနည်း။ အဘယ်သူ သည် သိုး ထိန်း လုပ်၍ သိုး နို့ ကိုမ သုံး ဘဲနေရသနည်း။
အစေခံကျွန် တို့၊ သခင် ဘုရားကို ကြောက်ရွံ့ လျက်၊ သူ တို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ ၊ မျက်မှောက် ၌သာ နားထောင်သည်မ ဟုတ်၊ စိတ် နှစ်ခွ မရှိဘဲ၊ လောကီ သခင် ၏စကားကို အရာရာ ၌ နားထောင် ကြလော့။။
အစေခံငယ်သား တို့၊ အလွန် ကြောက်ရွံ့ ခြင်းနှင့်တကွကိုယ်သခင် တို့၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်း သောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်း သောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။