TSK

TSK · သုတ္တံကျမ်း။ 3:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။

သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။

သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။

အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။

အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။

အကျွန်ုပ် ခံရ သောဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ၏တရား ကို မ မေ့ မလျော့ပါ။

ငါ့ သား ၊ အဘ ၏နည်း ဥပဒေသကို နားထောင် လော့။ အမိ ၏တရား ကိုလည်း မ ပယ် နှင့်။

ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ မ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို မ လွှဲ မရှောင်နှင့်။

သူတို့သည်သောက် လျက် တရား တော်ကို မေ့လျော့ ၍ ၊ ဆင်းရဲသား အမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။

နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။

ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။