မတရား သောသူကို ကား ၊ သင် သည် ငါ ၏အထုံးအဖွဲ့ တို့ကို ကြားပြော ၍ ငါ ၏ပဋိညာဉ် တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ ဆိုင်သနည်း။
TSK
TSK · ရောမဩဝါဒစာ။ 2:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
စားချင် အားကြီး ၍ ဝမ်းမ ပြည့် နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မ ကြည့် မရှု တတ်ကြ။ ထိုသိုးထိန်း ရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိ တို့ လမ်း သို့ လိုက် ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ် အကျိုး စီးပွားကိုသာ ရှာကြ၏။
မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။
မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။
ထို့ကြောင့် သူတို့စီရင် ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက် ၍ ပြု ကြလော့။ သူ တို့၏ အကျင့် အတိုင်း မ ကျင့် ကြနှင့်။ အကြောင်းမူကား ၊ သူတို့သည် စီရင် ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မ ကျင့် ကြ။
¶ ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထမ်း ခဲသောဝန် ကိုသူတစ်ပါးအပေါ်မှာတင် တတ်၏။
သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊
အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် မ ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။