မီး ရှို့သောသူသည်လည်း မိမိ အဝတ် ကို လျော် ၍ ကိုယ် ကို ရေချိုး ရမည်။ ထို နောက်မှတပ် ထဲ သို့ ဝင် ရမည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:12
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
၎င်း လ ၊ ဒသမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ၍ ခြိုးခြံ စွာကျင့် ရမည်။ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။
အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
ငါသည် သူတို့မခေါ် မှီ ကပင် ထူး မည်။ လျှောက် စဉ်တွင် ပင် ငါ နားထောင် မည်။
ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊
ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
အလွန် ချစ်အပ်သောသူ၊ မ ကြောက် နှင့်။ ငြိမ်သက် ခြင်းရှိပါစေ။ အားရှိ လော့။ ခွန်အား နှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။
ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။
ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။
တစ်နေ့သ၌ နေသုံးချက်တီး အချိန် တွင် ဘုရားသခင် ၏ ကောင်းကင်တမန် သည်၊ ကော်နေလိ ဟု ခေါ် လျက် ရောက်လာ သည်ကို ထိုသူ သည် ထင်ရှား သော ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ရ၏။
ညဉ့် အခါ သခင် ဘုရားသည် ပေါလု အား ဗျာဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မ ကြောက် နှင့်။ တိတ်ဆိတ် စွာမ နေနှင့်။ ဟောပြော လော့။
ထိုသူ ကိုငါမြင် သောအခါ ၊ သေ မတတ်ဖြစ်၍ခြေ တော်ရင်း၌ လဲ လျက်နေ၏။ ထိုသူ သည်လက်ျာ လက်တော်ကို ငါ့ အပေါ်သို့ တင် လျက် ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ ငါ သည်အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ် ၏။