¶ ထို စကား ကိုကြား လျှင် ၊ ငါသည် ထိုင် ၍ အင်တန်ကာလ ပတ်လုံး ငိုကြွေး မြည်တမ်း လျက် ၊ အစာရှောင် လျက် နေ၍ ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင့်ရှေ့ တော်၌ ဆုတောင်း သော ပဌာနာဟူမူကား ၊
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:2
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကိုအဘယ်ကြောင့် စွန့်ပစ် တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံရ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်း သော အဝတ်ကိုဝတ်လျက် အဘယ်ကြောင့် နေ ရပါသနည်း။
ယေရုရှလင် မြို့ကို ချစ် သောသူအပေါင်း တို့၊ သူ နှင့် အတူ ဝမ်းမြောက် ရွှင်လန်း ကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွား သောသူအပေါင်း တို့၊ သူ နှင့် အတူ အလွန်ဝမ်းမြောက် ကြလော့။
လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။
ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။
တစ်စုံတစ်ယောက် သော သူသည် သူ တို့ကို ညှင်းဆဲ ခြင်းငှာအလိုရှိ လျှင် ၊ သူ တို့၏ ခံတွင်း ထဲက မီး ထွက် ၍ ရန်သူ တို့ကို မျို တတ်၏။ တစ်စုံတစ်ယောက် သော သူသည် ထိုသူ တို့ကို ညှဉ်းဆဲ ခြင်းငှာအလိုရှိ လျှင် ၊ ထိုသို့ အသေ သတ်ခြင်းကို ခံရ မည်။