TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:22

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။

ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။

မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။

အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။

အကယ်၍ မှောင်မိုက် သည်ငါ့ ကိုဖုံးလွှမ်း မည်ဟု တဖန် ဆို လျှင်၊ ညဉ့် သည်လည်း အကျွန်ုပ် ပတ်ဝန်းကျင် ၌ အလင်း ဖြစ်ပါလိမ့်မည်။

¶ အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။

ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။

ငါသည် အလင်း ကိုလုပ် ၏။ အမိုက် ကိုလည်း ဖန်ဆင်း ၏။ ငြိမ်သက် ခြင်းကို ဖြစ် စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏။ ခပ်သိမ်း သော အမူအရာ တို့ကို ငါ ထာဝရဘုရား ပြု တော်မူ၏။

ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။

နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ၌ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။

သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။

ဖုံးထား လျက်ရှိ သမျှ တို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။

¶ တဖန်တုံ ယေရှု က၊ ငါ သည် ဤလောက ၏အလင်း ဖြစ် ၏။ ငါ့ နောက်သို့ လိုက် သောသူ သည်မှောင်မိုက် ၌ မ သွား မလာ။ အသက် ၏အလင်း ကိုရ လိမ့်မည် ဟု မိန့် တော်မူ၏။

¶ ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။

ကျမ်းစာ လာသည်နှင့်အညီ ၊ ဘုရားသခင် ကို ချစ် သော သူ တို့အဘို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင် တော်မူသော အရာ တို့ကို လူ မျက်စိ ဖြင့်မ မြင် ၊ နား ဖြင့်မ ကြား ၊ စိတ် နှလုံးဖြင့် မ ကြံစည် သေး။

ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။

ငါ တို့ကိုစစ်ကြော စီရင်တော်မူသော သူ ရှေ့ ၌ မ ထင်ရှားသော အရာ တစ်စုံတစ်ခု မျှမရှိ ၊ ခပ်သိမ်း သော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက် တော်၌ လှန် ထားလျက် ရှိကြ၏

ထို နှုတ်ကပတ် တော်ထံ၌ ငါတို့သည်ကြား ရ၍၊ သင် တို့အား ပြသ သောတရား စကားဟူမူကား၊ ဘုရားသခင် သည်အလင်း ဖြစ် တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက် အလျှင်း မ ရှိ ။