TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:32

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။

အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။

ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။

ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။

ငါ့ ကို ဝိညာဉ် တော်အားဖြင့် တော သို့ ဆောင်သွား လေ၏။ ခေါင်း ခုနစ် လုံးနှင့် ချို ဆယ် ချောင်းရှိ ၍၊ ဘုရားသခင်၏ အသရေ တော်ကို ရှုတ်ချသောနာမ တို့နှင့် အပြည့် ရှိသော သားရဲ နီ အပေါ်မှာ ထိုင် လျက်ရှိသောမိန်းမ တစ်ဦးကို ငါမြင် ၏။