လက်ျာ တော်နား မှာ ရှိသောဘုရား ရှင်သည် အမျက် တော် အချိန် ကာလ၌ ရှင်ဘုရင် တို့ကို ဒဏ်ခတ် တော်မူမည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:34
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
တပါးအမျိုးသား တို့အား တရားအတိုင်း အပြစ် ပေး ၍၊ လူစု တို့အား ဒဏ်ခတ် ခြင်းငှါ၎င်း၊
အကြင်ပြည် နှင့် အကြင်နိုင်ငံ သည် သင် ၏အမှုကို မ ဆောင် ၊ ထိုပြည် နှင့် ထိုနိုင်ငံသည် ပျက်စီး ရ လိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင် ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
တဖန် အတောင်တထောင် စေ့အောင် တိုင်း သောအခါ မ ကူး နိုင် သော မြစ် ဖြစ်လေ၏။ ရေ ထ သောကြောင့် နင်း၍မ ကူး နိုင်၊ ခြေထောက်၍ မမှီပဲ ကူး ရသောမြစ် ဖြစ်၏။
ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။
သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။
ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။
¶ ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။
သို့ဖြစ်၍ ယုံကြည် ခြင်းရှိသော သင် တို့၌ကားဘုန်း အသရေရှိ၏။ နားမထောင် သောသူတို့၌ကား ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
ထိုသူတို့သည် သဘော တူ ၍ မိမိ တို့တန်ခိုး အာဏာစက် ကို သားရဲ ၌ အပ်ပေး ကြလိမ့်မည်။