ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:6
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။
အကျွန်ုပ် တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရား တော်ကိုမ စောင့်။ ပေး ထားတော်မူသော ပညတ် များနှင့် သက်သေခံ ချက် များတို့ကို နား မ ထောင်ကြ။
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
သို့ရာတွင် ၊ သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော နှလုံး ခိုင်မာ သည်နှင့်အညီကျင့်ကြံ ပြုမူ ၍ မျက်နှာ မ ပြု ၊ ကျော ခိုင်းလျက် နေကြ၏။
သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။
ငါ သည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ် စေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို နား မထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နား မ ထောင်ဘဲ နေလျှင် ၊
ဤ မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။
သင်သည်ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့အား ဟောပြော သော စကား ကို ငါ တို့သည် နား မ ထောင်။
ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ ကောင်းသောအကျင့် များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကို ဆင့်ဆို လျက် ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း နား မ ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ မ ပြု ကြနှင့်ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
အသီး သီးချိန် ရောက် သောအခါ ၊ အသီး ကိုခံ စေခြင်းငှာငယ်သား တို့ကို ဥယျာဉ်စောင့် တို့ရှိရာ သို့ စေလွှတ် လေ၏။
ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့သည် စပျစ် သီး အချို့ကို ပေး စေခြင်းငှာ ဥယျာဉ်ရှင်သည် သား ငယ်ကို စေလွှတ် လေ၏။ ဥယျာဉ်စောင့် တို့သည် ငယ်သား ကိုရိုက် ၍ လက်ချည်း လွှတ် လိုက်ကြ၏။
ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။