TSK

TSK · ထွက်မြောက်ရာကျမ်း။ 21:6

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။

လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။

သူသည် သူငှါး ကဲ့သို့ ၎င်း၊ ဧည့်သည် ကဲ့သို့ ၎င်း၊ သင့် ထံ မှာနေ ၍ ယုဘိလ နှစ် တိုင်အောင် အစေခံ ရမည်။

တရား သူကြီးတို့အားလည်း ၊ သင် တို့ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါး အမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရား သဖြင့် စီရင် ကြလော့။

သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင် ၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။

ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် ၍ အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်၊

အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။

¶ သူတို့က၊ ကိုယ်တော်သည် ယနေ့ ဤ သူ တို့၏ ကျွန် ခံ လျက်၊ သူ တို့အမှု ကို စောင့်၍ ကောင်း သော စကား နှင့်ပြန် ပြောတော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။

သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။