ငါ လဲ သောအခါ မူကား ၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေး ကြ၏။ ရိုက်ပုတ် သောသူတို့သည် ငါ့ တဘက် ၌စည်းဝေး ကြ၏။ သူတို့ကိုလည်း ငါမ သိ ရ။ မ ရပ် မနေဘဲ ငါ့ကို ဆွဲဖြတ် ကြ၏။
TSK
TSK · ယေရမိမြည်တမ်းစကား။ 1:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက် ကြပါလိမ့်မည်။ အကျွန်ုပ် သည် ခြေ ချော် သောအခါ အကျွန်ုပ် တဘက် ၌ ကိုယ် ကို ချီးမြှောက် ကြပါ လိမ့်မည်ဟု လျှောက် ပါပြီ။
¶ ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊
သင် ၏အရှင် ၊ မိမိလူတို့၏အမှုကို စောင့်တော်မူသောသင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ကြည့်ရှု လော့။ တုန်လှုပ် စေသော ဖလား ၊ ငါ့ အမျက် တော်ဖလား ၏ အနည် အဖတ်ကို သင် ၏လက် မှ ငါရုပ် ၍၊ သင်သည် နောက် တဖန်မ သောက် ရ။
သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။
သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။
မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ၌ ပြု ကြလော့။
ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
ဗာဗုလုန် မြို့ကြောင့် ဣသရေလ အမျိုးသူရဲ တို့ သည် လဲ ၍သေသကဲ့သို့၊ ဗာဗုလုန် မြို့ထဲမှာ ပြည်သား သူရဲ အပေါင်း တို့သည် လဲ ၍သေကြလိမ့်မည်။
အဘယ်သူမျှပွဲ သဘင်သို့ မ လာ သောကြောင့် ၊ ဇိအုန် လမ်း တို့သည် ညည်းတွား ကြ၏။ သူ ၏မြို့တံခါး ရှိသမျှ တို့သည် လူ ဆိတ်ညံလျက်ရှိကြ၏။ သူ ၏ယဇ် ပုရောဟိတ်တို့သည်လည်း ညည်းတွား ကြ၏။ သူ ၏သမီး ကညာ တို့သည်လည်း နာကြည်း သောစိတ်ရှိ၍၊ သူ သည် ကိုယ်တိုင်ညှိုးငယ် လျက်နေရ၏။
သူ ၏လူ အပေါင်း တို့သည် ညည်းတွား လျက်၊ မုန့် ကိုရှာ လျက် နေကြ၏။ သေ ဘေးနှင့်လွတ်ခြင်းငှါ မိမိ စည်းစိမ် ကို စားစရာ ဘို့ စွန့် ရ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ရှုတ်ချ ခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
သူ တို့၏ဒုစရိုက် အလုံးစုံ တို့ကို စစ်ကြော တော်မူ ပါ။ အကျွန်ုပ် ပြစ်မှားမိသမျှ သော အပြစ် တို့ကြောင့် ၊ အကျွန်ုပ် ၌ ပြု တော်မူသကဲ့သို့ သူ တို့၌ ပြု တော်မူပါ။ အကျွန်ုပ် သည် ညည်းတွား ခြင်းများပြား ၍ စိတ် ပျက် လျက်ရှိပါ၏။
သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။
¶ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
ကွပ်မျက် ရာချိုင့် ၌ လူ များစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက် ရာချိုင့် ၌ ထာဝရဘုရား ၏ နေ့ရက် သည် ရောက်လုနီး ပြီ။
သင် ၏ညီ သည် တပါး အမျိုးသားဖြစ်သောနေ့ ၌ သူ၏အမှုကို သင်မ ကြည့် သင့်။ ယုဒ အမျိုးသား တို့သည် ပျက်စီး သောနေ့ ၌ မ ဝါကြွား သင့်။ ဒုက္ခ ခံရသောနေ့ ၌ စော်ကား သောစကား ကို မ ပြောသင့်။
မိမိ အိမ်နီးချင်း ၌ အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။