သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
TSK
TSK · ဝတ်ပြုရာကျမ်း 21:15
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍ ၊ သန့်ရှင်း ခြင်းရှိ ကြလော့။
ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။
အကြောင်း မူကား၊ သူ တို့သမီး များကို ကိုယ် ဘို့ ၎င်း၊ ကိုယ် သား ဘို့ ၎င်း၊ သိမ်း ယူသဖြင့် ၊ သန့်ရှင်း သော အမျိုး သည် ဤပြည်သား ရင်းအမျိုးနှင့် ရောနှော လျက်ရှိ၍ ၊ အကြီး အကဲနှင့် မင်း အရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
အို အကျွန်ုပ် ၏ ဘုရား သခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ် ပုရောဟိတ်၊ လေဝိ သားတို့ နှင့် ဖွဲ့သောပဋိညာဉ် တော်ကို၎င်း ရှုတ်ချ သောကြောင့် ၊ သူ တို့ကို မှတ် တော်မူပါ။
တဦး တည်းသော်လည်း၊ ကိုယ်တော် ၌ ဝိညာဉ် တော် အကျန် အကြွင်းရှိ၏။ အဘယ်ကြောင့် တဦး တည်း ကိုသာ ဖန်ဆင်း တော်မူသနည်းဟူမူကား၊ ဘုရား သခင်နှင့် ထိုက်တန်သောအမျိုး ကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍ ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ အသက်ပျို စဉ်အခါ လက်ထပ်သော မယား ကို သစ္စာ ဖျက် ၍ မ ပြစ်မှားကြနှင့်။
အကြောင်းမူကား ၊ မယုံကြည် သောလင် သည် မိမိမယား အဘို့ စင်ကြယ် ၏။ မယုံကြည် သော မယား သည်လည်း မိမိလင် အဘို့ စင်ကြယ် ၏။ သို့မဟုတ် လျှင်သင် တို့၏ သားသမီး သည် မ စင်ကြယ်။ ယခု တွင် စင်ကြယ် ကြ ၏။