TSK

TSK · ဝတ်ပြုရာကျမ်း 4:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ယဇ်ပုရောဟိတ် အတွက် ပြုသောဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အကုန် အစဉ် မီး ရှို့ရမည်။ အလျှင်း မ စား ရဟု မိန့်တော်မူ၏။

နွား အသွေး အချို့ကိုလည်းယူ ၍ ၊ အရှေ့ မျက်နှာဘက် သေတ္တာဖုံး အပေါ် ၌ လက်ညှိုး နှင့် ဖြန်း ရမည်။ သေတ္တာဖုံး ရှေ့ ၌ လည်း ခုနှစ် ကြိမ် တိုင်အောင်လက်ညှိုး နှင့် ဖြန်း ရမည်။

လွတ်လပ် လဟာသို့ ဆိတ် ကို လွှတ် လိုက်သောသူသည်လည်း မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကို ရေချိုး ရမည်။ ထို နောက်မှတပ် ထဲ သို့ ဝင် ရမည်။

35သိမ်း သွားခြင်းကိုခံရသောလူစုထဲက ထွက် လာ သောသူတို့ သည်လည်း၊ ဣသရေလ အမျိုးများတို့အဘို့ နွား တဆယ် နှစ် ကောင်၊ သိုး ထီးကိုး ဆယ်ခြောက် ကောင်၊ သိုး သငယ်ခုနစ် ဆယ်ခုနစ် ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တဆယ် နှစ် ကောင်တို့ကို၊ ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ပူဇော် ကြ၏။

သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။

ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ဘုရားသခင် နှင့် လူ တို့၏ စပ်ကြားမှာ၊ လူ ဖြစ်သော ယေရှု ခရစ် တည်းဟူသောအာမခံ တစ်ဦးတည်း ရှိ၏။