TSK

TSK · ရှင်လုကာခရစ်ဝင်။ 21:25

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သမုဒ္ဒရာရေ သည် ဟုန်းဟုန်းမြည် ၍ မွှေနှောက် ပါ လေစေ။ လှိုင်း တံပိုးထသဖြင့် ၊ တောင် များတုန်လှုပ် ပါ လေစေ။

ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။

သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။

လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။

ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။

¶ ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ အခါ မွန်းတည့် အချိန်၌ ငါသည် နေ ကိုဝင် စေမည်။ ကြည်လင် သောနေ့ ၌ မြေကြီး ကို မိုက် စေမည်။

ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက် ရုတ်ခနဲ နေ သည်မိုက် လိမ့်မည်။ လ သည် အရောင် ကိုမ ပေး ။ ကြယ် တို့သည် ကောင်းကင် မှ ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။

¶ မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။

သူခိုး သည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်။ ထိုနေ့ ၌ မိုဃ်း ကောင်းကင်သည် ကြီးစွာ သောအသံနှင့်တကွပျောက်သွား လိမ့်မည်။ မြေကြီး ကိုယ်မှစ၍ ၊ မြေကြီးပေါ်မှာပြုလုပ် သမျှသောအရာတို့သည် လောင်ကျွမ်း ကြလိမ့်မည်။

တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။