ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 2:17
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။
ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။
သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး ။
လူ သား သည် ပျောက် သောသူ တို့ကိုရှာ ၍ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။
အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။
လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။
ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။
ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။
အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။