TSK

TSK · တောလည်ရာကျမ်း 21:5

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မောရှေ ကို လည်း ၊ အဲဂုတ္တု ပြည်၌ သင်္ချိုင်း မ ရှိသောကြောင့် ၊ ဤတော ၌ သေ စေခြင်းငှာ ငါ တို့ကို ဆောင် ခဲ့သလော။ ငါ တို့ကို ဤ သို့ပြု ၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။

နံနက် ယံ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါ တို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ ၊ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်းဟု ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို လေ၏။

ဣသရေလ အမျိုးသား တို့သည် ထို စားစရာကို မန္န ဟုခေါ်ဝေါ် ကြ၏။ နံနံ စေ့ ကဲ့သို့ ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ် နှင့် အရသာ တူ ၏။

¶ တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။

သင် တို့နှာခေါင်း ထဲက အမဲသားထွက် ၍ ရွံ စရာ ဖြစ် သည်တိုင်အောင် တလ ပတ်လုံးစားရကြမည်။ အကြောင်းမူကား ၊ သင် တို့တွင် ရှိတော်မူသောထာဝရဘုရား ကို၊ သင်တို့သည် မထီမဲ့မြင်ပြု လျက်၊ ငါတို့သည် အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ထွက်လာ ရကြသနည်းဟု ရှေ့ တော်၌ ငိုကြွေး လျက် ပြောဆို ကြပြီ တကားဟု မောရှေ အား မိန့် တော်မူ၏။

သင်သည် ဤတော ၌ ငါ တို့ကိုသတ် လို၍ နို့ နှင့် ပျားရည် စီး သော ပြည် မှ ဆောင် ခဲ့သော်လည်း၊ ငါ တို့ အပေါ် ၌ လုံးလုံးမင်း မပြုရလျှင်၊ စိတ်မပြေသေးသည် တကား။

ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။

ဘုရား သခင်သည် တော ၌ စားပွဲ ကို ပြင်ဆင် နိုင် သလော။

စား ၍ ဝသောသူ သည် ပျားလပို့ ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ် သောသူ မူကား ၊ ခါး သောအရာကို ချို သည်ဟု ထင်တတ်၏။