နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
TSK
TSK · တောလည်ရာကျမ်း 25:13
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ရိနာစွဲသော သူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။
ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။
ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
¶ ထာဝရဘုရား သည် ဧလိ အမျိုး ကို အကြောင်းပြု ၍၊ ရှိလော မြို့၌ မိန့်တော်မူသောစကား ပြည့်စုံ မည် အကြောင်း ၊ ရှောလမုန် သည် အဗျာသာ ကို ထာဝရဘုရား ထံ တော်၌ ယဇ်ပုရောဟိတ် မ ဖြစ် စေခြင်းငှါနှင်ထုတ် တော်မူ ၏။
¶ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊
အာရုန် ၏ သားမြေးမှာ၊ အာရုန်သား ကား ဧလာဇာ ၊ ဧလာဇာ သား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ၊
ထိုအမှုကို သူ၏ဖြောင့်မတ် ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလ အစဉ်မပြတ် မှတ် ရ သတည်း။
သင် တို့မူကား၊ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဟူ၍၎င်း၊ ငါ တို့ဘုရား သခင်၏ အမှုတော်ထမ်း ဟူ၍၎င်း သမုတ် ခြင်းကိုခံရကြလိမ့်မည်။ တပါးအမျိုးသား တို့ ၏ စည်းစိမ် ကို စား ၍ ၊ သူ တို့၏ ဘုန်း အသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
မိုဃ်းကောင်းကင် တန်ဆာ တို့ကို မ ရေတွက် နိုင်၊ သမုဒ္ဒရာ သဲ လုံးတို့ကို တောင်းတင်းနှင့် မ ခြင် နိုင်အောင် များပြားသကဲ့သို့၊ ငါ့ ကျွန် ဒါဝိဒ် ၏အမျိုး ကို၎င်း ၊ ငါ ၏အမှုထမ်း လေဝိ သားတို့ကို၎င်းငါများ ပြားစေမည်ဟု မိန့် တော်မူ ၏။
ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊
ထိုကြောင့် ၊ ခရစ်တော်သည် လူ တို့၏ အပြစ် ဖြေစရာအကြောင်း ကို စီရင်၍၊ ဘုရားသခင် နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာ နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီးဖြစ် အံ့သောငှာ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံး တူ ရသော အကြောင်း ရှိ၏
အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း
သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။
မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။