TSK

TSK · သုတ္တံကျမ်း။ 14:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ငါ့ ကျွန် နှင့် ငါ့ ကျွန် မသည် ငါ နှင့်တရား တွေ့စရာ အမှုရှိသောအခါ ၊ ငါနား မထောင်ဘဲနေမိလျှင်၊

အကြောင်း မူကား၊ နှိမ့်ချ လျက်ရှိသောသူ၏ နှိမ့်ချ သောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာ တော်ကိုမ လွှဲ ၊ အော်ဟစ် သောအခါ နားထောင် တော်မူပြီ။

ထာဝရဘုရား သည် စောင့်မ ၍ အသက် ချမ်းသာ ပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည် တော်၌ ကောင်းကြီး မင်္ဂလာကို ခံရလိမ့်မည်။ ထိုသူ ကို ရန်သူ တို့ အလို သို့ ကိုယ်တော် သည် အပ် တော်မ မူပါ။

သူသည် စွန့်ကြဲ ပြီ။ ဆင်းရဲ သောသူတို့ အား ပေးကမ်း ပြီ။ သူ ၏ ဖြောင့်မတ် ခြင်းသည် အစဉ် အမြဲတည် တတ်၏။ သူ ၏ဦးချို သည် ဂုဏ် အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။

စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။

ဆင်းရဲသား တို့ကို မထီ လေးစားပြုသောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက် တတ်သောသူသည် လည်း အပြစ်ဒဏ် နှင့် မ လွတ်ရ။

ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။

ဆင်းရဲ သားတို့အား စွန့်ကြဲ သောသူသည်ကိုယ်တိုင် မ ဆင်းရဲ ရာ။ လွှဲရှောင် သောသူမူကား ၊ များစွာ သော ကျိန်ဆဲ ခြင်းကိုခံရ လိမ့်မည်။

မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။

ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။

¶ ကိုယ် ကုသိုလ် ကို အမှီပြု ၍ သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား ၊

ထိုသို့သောလုံ့လ ဝိရိယကို ထုတ် ၍၊ အဆုံး တိုင်အောင် ယုံမှား ခြင်းနှင့်ကင်းသော မြော်လင့် ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိ ကြ၏

ငါ့ ညီအစ်ကို တို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည်ယုံကြည် ခြင်းရှိ ၏ဟုပြော လျက် ၊ အကျင့် ကို မ ကျင့် ဘဲနေ လျှင် အဘယ် အကျိုး ရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူ ကို ကယ်တင် နိုင် သလော။