TSK

TSK · သုတ္တံကျမ်း။ 23:34

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သင် ပေးသောအကြံ လည်း မင်္ဂလာ ရှိစေသတည်း။ ယနေ့ ငါသည် လူအသက် ကိုသတ် အံ့သောငှါ၊ မသွား ရမည်အကြောင်း၊ ကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်းဆီးတား သောသင် သည်လည်း မင်္ဂလာ ရှိစေသတည်း။

လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။

¶ ရထား စီးသူရဲတဝက် ကိုအုပ် သောသူ၊ မိမိ ကျွန် ဇိမရိ သည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇ မြို့တွင် နန်း တော်အုပ်အာဇ ၏ အိမ် ၌ယစ်မူး အောင် သောက် လျက်နေစဉ် အခါ၊

အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။

ရေ လွှမ်းမိုးခြင်းမ ဖြစ်မှီကာလ ၌ နောဧ သည် သင်္ဘော ထဲသို့ ဝင် သောနေ့ တိုင်အောင် လူများတို့သည် စား သောက် လျက် ၊ ထိမ်းမြား စုံဘက် လျက်နေ၍ ၊

သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။