ကိုယ် နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန် သောသက်သေ ကို မ ခံ နှင့်။
TSK
TSK · သုတ္တံကျမ်း။ 24:28
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ရှောလု ၏ ကျွန် အုပ် ဧဒုံ အမျိုးသားဒေါဂ က၊ ယေရှဲ ၏သား သည် အဟိတုပ် ၏သား အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ကြောင်းကို ကျွန်တော်မြင် ပါ၏။
ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။
မ မှန်သောသက်သေ တို့သည်ပေါ် လာ၍၊ ငါမ သိ သောမှုပြစ် တို့ကို ငါ့ အပေါ်မှာတင် ကြ၏။
သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။
မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကိုသုံး သောသူသည် လည်း ၊ ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
အိမ်နီးချင်း တဘက် ၌ မ မှန်သောသက်သေ ကို ခံ သောသူ သည် ဒုတ် ၊ ထား ၊ သံချွန် နှင့်တူ၏။
မြို့ဝန်မင်း ကလည်း အဘယ်ကြောင့် နည်း။ အဘယ် အပြစ် ကို ပြု ဘိသနည်းဟုမေး လျှင် ၊ ထိုသူ သည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ ဟစ် ကြ၏။
ထိုကြောင့် မုသား စကားကိုပယ်ရှား ၍၊ မှန် သောစကားကိုသာ အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပြော ကြလော့။ အကြောင်းမူကား ၊ ငါတို့သည် အချင်းချင်း အင်္ဂါ ချင်းဖြစ် ကြ၏။
ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။