TSK

TSK · သုတ္တံကျမ်း။ 4:17

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သူတို့သည်အလုပ် လုပ်ခြင်းငှါတော ၌ ရိုင်းသော မြည်း ကဲ့သို့ထွက် ရကြ၏။ စားစရာ ကို ရှာ ခြင်းငှါနံနက်စောစောသွား၍၊ ကိုယ် အဘို့ နှင့် သားသမီး တို့အဘို့ ကို တော ၌တွေ့ ရကြ၏။

ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း မြိန် သည်ဟု ဆို တတ်၏။

ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။

ဝပ် လျက်နေသောမုဆိုး ကဲ့သို့ ချောင်းမြောင်း သော လူဆိုး တို့သည် ငါ ၏လူ တို့တွင် ရှိ ကြ၏။ လူတို့ကို ထောင် ခြင်းငှါထောင်ချောက် ကို ထား ကြပြီ။

ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။

ငါ ၏လူ တို့ကို မှားယွင်း စေလျက် ဝ စွာ စားရ သောအခါ၊ ငြိမ်ဝပ် ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မ လုပ်ကျွေး သောသူကိုကား၊ စစ်တိုက် ခြင်းငှါပြင်ဆင် လျက် ၊ ပရောဖက် ပြုသောသူတို့၊

မြို့ အလယ် ၌ မင်း များတို့သည် ဟောက် သော ခြင်္သေ့ ဖြစ်ကြ၏။ တရားသူကြီး တို့သည် နံနက် တိုင်အောင် အဘယ်အရာကိုမျှမ ချန် မထား၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေး ဖြစ်ကြ၏။

နားထောင်ကြ၊ သင် တို့လယ်ကွက် ၌ ရိတ် သောသူ တို့ကို လှည့်စား ၍၊ အခ မပေးဘဲနေသောကြောင့်၊ ထိုအခ သည် ကြွေးကြော် လေ၏။ ရိတ် သောသူ တို့၏ အော်ဟစ် ခြင်းအသံသည်လည်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏ နား တော်ထဲသို့ ဝင် လေပြီ။