ထိုအခါ မိမိ မယား စာရာ သည် မိမိ နှမ ဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံ ဆို သောကြောင့် ၊ ဂေရာ မင်းကြီး အဘိမလက် သည် မိမိလူကို စေလွှတ် ၍ ၊ စာရာ ကို ယူ စေ၏။
TSK
TSK · သုတ္တံကျမ်း။ 6:29
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထိုအိပ်မက် ၌ ဘုရားသခင် ကလည်း ၊ မှန် ပေ၏။ သင် သည် ဖြောင့်မတ် သောသဘော နှင့် ပြု သည်ကို ငါသိ ၏။ သင် သည်ငါ့ ကို မပြစ်မှား စေခြင်းငှါ၊ သင့် ကို ငါ ဆီးတား ပြီး။ သို့ဖြစ်၍ ထိုမိန်းမ နှင့် ပေါင်းဘော် ရသောအခွင့်ကို ငါမ ပေး။
ဥတု ရောက်၍ မ စင်ကြယ်သော မိန်းမ ကို လည်း မ ချဉ်း ရ။
ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်း လျှင် ၊ ဧလျံ သမီး ၊ ဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။
သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
မာန ကြီးသောသူအပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ သူတို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ်ဒဏ် နှင့် မ လွတ်ရကြ။
ထို သို့သောအပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သောအမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။