လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
TSK
TSK · ရောမဩဝါဒစာ။ 13:7
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထာဝရဘုရား ကို ဆုတောင်း ၍ ၊ ထို နေ့၌ ထာဝရဘုရား သည် မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေ တော်မူ၍ ၊ လူ အပေါင်း တို့သည် ထာဝရဘုရား နှင့် ရှမွေလ ကို အလွန် ကြောက်ရွံ့ ကြ၏။
ငါ့ သား ၊ ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ၊ ကြောက်ရွံ့ လော့။ မ တည်ကြည်သောသူတို့နှင့် မ ရောနှော မပေါင်းဘော်နှင့်။
ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ယေရှုကလည်း၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ ဥစ္စာ ကိုကား ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
¶ ကိုယ်တော်က၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ဘုရားသခင် အား ဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
သို့ရာတွင် သင် တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ် ခင်ပွန်း ကိုချစ် ကြလော့။ မိန်းမ သည်လည်း ကိုယ် ခင်ပွန်း ကို ရိုသေ ခြင်းရှိစေလော့။
အစေခံ ကျွန်တို့၊ ခရစ်တော် ၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ် လျက် ၊ စိတ် နှစ်ခွ မရှိဘဲ လောကီ သခင် ၏စကားကို နားထောင် ကြလော့။
ကောင်းမွန် စွာ အုပ် သောသင်းအုပ် တို့သည် အလှူနှစ်ဆ ကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရား ဟောခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းအမှုကို ကြိုးစား အားထုတ်သောသူ တို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက် သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။