TSK

TSK · ရှင်မာကုခရစ်ဝင်။ 9:25

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။

ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ တော်သို့ ဆောင်ခဲ့ ကြ၏။

ယေရှု သည် သူ့ ကိုဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည် သူ မှ ထွက်သွား သဖြင့် ၊ ထို ခဏ မှစ၍ သူငယ် သည် ကျန်းမာ ပကတိဖြစ်လေ၏။

အမြင့်ဆုံး သော ဘုရားသခင် ၏သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း ဘုရားသခင် ကိုအမှီပြု၍အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီး သောအသံ နှင့် အော်ဟစ် ၍ လျှောက် လေ၏။

¶ ယေရှု ကလည်း ၊ တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့ ဟု ဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည်ထိုသူ ကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ် မ ပြုဘဲ ထွက်သွား ၏။

လျှောက်သည်အကြောင်း ကား၊ နတ်ဆိုးသည် ထိုလူ ကိုအဖန် များစွာ ဘမ်းဆီး လှပြီ။ ခြေချင်း သံကြိုး နှင့် အကျဉ်း ထား သော်လည်း ခြေချင်းသံကြိုး ကို ဆွဲဖြတ် ၍ နတ်ဆိုး သည်တော အရပ်သို့ နှင် မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။

¶ တရံရောအခါ စကားအ သောနတ်ဆိုး ကို နှင်ထုတ် တော်မူ၍ ၊ နတ်ဆိုး ထွက် သည်နောက် အ သောသူ သည် စကား ပြော၏။ အစုအဝေး တို့သည်လည်း အံ့ဩ ကြ၏။

ကောင်းကင် တမန် မင်းမိက္ခေလ မူကား ၊ မောရှေ ၏ ကိုယ် ကို အကြောင်း ပြု၍ မာရ်နတ် နှင့် ငြင်းခုံ သောအခါ ၊ ကဲ့ရဲ့ စွာသော ပြစ်တင် ခြင်းကိုမ ပြု ဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့် ကိုဆုံးမ တော်မူစေသတည်းဟူ၍သာ ပြောဆို ၏။