ဣသရေလ အမျိုးသား တို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေး လွတ် မည်အကြောင်းရှိသမျှတို့ သည် အသီးအသီးမိမိ အသက် ရွေးရန် အဘိုး ကို ထာဝရဘုရား အား ဆက်ကပ် ရမည်။
TSK
TSK · ရာဇဝင်ချုပ်ပဌမစောင်။ 21:1
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊
ဤ သူအပေါင်း တို့သည် အာရှာ အမျိုး ၌ အဆွေအမျိုး သူကြီး ၊ ရွေး သောသူ၊ ခွန်အား ကြီးသော သူရဲ မင်း ဖြစ်ကြ၏။ သားစဉ် မြေးဆက်စာရင်းဝင်၍ စစ်တိုက် ခြင်းငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်း ခြောက်ထောင်ရှိကြ ၏။
¶ တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။
¶ ယဇ် ပုရောဟိတ်မင်း ယောရှု သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ရှေ့ ၌ ရပ် နေသည်ကို၎င်း၊ စာတန် သည် ရန်ဘက် ပြု၍ သူ ၏လက်ျာ ဘက်၌ ရပ် နေသည် ကို၎င်းငါ့ အားပြ တော်မူ၏။
ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊
ကိုယ်တော် ကို အပ်နှံ မည်အကြောင်း မာရ်နတ် သည် ရှိမုန် ၏သားယုဒ ရှကာရုတ် ၏ စိတ် နှလုံး၌ အကြံ ပေးသွင်း နှင့် သတည်း။ ထိုအခါ ညစာ ကိုစား ကြစဉ်၊
ထိုမှတစ်ပါး မေတ္တာ စိတ် ရှိစေခြင်းငှာ၎င်း၊ ကောင်း သောအကျင့် ကို ကျင့်စေခြင်းငှာ၎င်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့
ကောင်းကင် ဘုံ၌ ကြီး သောအသံ ကား ၊ ယခု မှာ ကယ်တင် ခြင်းဖြစ် ၏။ တန်ခိုး တော်လည်း ဖြစ်၏။ ငါ တို့ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် သူ ၏ ခရစ်တော် ၏ အာဏာ တော်စက်လည်းဖြစ်၏။ အကြောင်းမူကား ၊ ငါ တို့ညီအစ်ကို များကို ငါ တို့ဘုရားသခင် ရှေ့ တော်၌ နေ့ ညဉ့် မပြတ်အပြစ်တင် သောရန်သူ ကို အောက်သို့ ချ လေပြီ။