TSK

TSK · တမန်တော်ဝတ္ထု။ 13:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကိုယ်အပြစ် ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ် စကား အားဖြင့်တရား ရှုံးလိမ့်မည်။ ငါ သည် စုံလင် ပြီဟု ဆိုပြန်လျှင် ၊ ငါ့ သဘောကောက်ကြောင်း ထင်ရှား လိမ့်မည်။

ကိုယ်တော် ၏ကျွန် နှင့် တရား တွေ့ တော်မ မူပါ နှင့်။ အသက်ရှင် သောသူမည် သည်ကား၊ ရှေ့ တော်၌ အပြစ် ကင်းစင်ရာသို့ မ ရောက်ရပါ။

¶ တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊

ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။

ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။

ပညတ် တရား၌ ပါ သမျှ သောစကား တို့သည် ပညတ် တရားကို ခံသောသူ တို့နှင့် စပ်ဆိုင် သည်ကို ငါတို့ သိ ကြ၏။ ထိုသို့ဖြစ်၍ ၊ လောကီသား အပေါင်း တို့သည် စကား တစ်ခွန်းကိုမျှ မ ပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့် သောသူဖြစ် ကြ၏။

အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။

ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။

သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

အထက် ကပညတ် တရားမ ရှိသဖြင့် ၊ ငါ သည် အသက် ရှင်၏။ ပညတ် တရားပေါ် သောအခါအပြစ် တရားသည် ရှင်ပြန် ၏။ ငါ လည်း သေ ၏။

ဇာတိ ပကတိကြောင့် ပညတ် တရားသည် အားနည်း ၍ မ တတ်နိုင်သောအမှုကို ဘုရားသခင် ပြု တော်မူခြင်းငှာ၊ အပြစ် နှင့်ပြည့်စုံသော ဇာတိ ပကတိ၏ သဏ္ဌာန် ကို ဆောင် သော မိမိ သား တော်ကို စေလွှတ် တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိ ပကတိ၌ အပြစ် ကို ဒဏ် ပေးတော်မူ၏။

ဖြောင့်မတ် ခြင်းတရား ကိုမှီအောင်လိုက် သော ဣသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မ မှီ ကြ။

ဖြောင့်မတ်ရာသို့ ရောက် ခြင်းငှာ စိတ် နှလုံးဖြင့် ယုံကြည် ရ၏။

ယေရှု ခရစ် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ် ထင်ရှားသော တစ်ပါး အမျိုးသားမ ဟုတ်ဘဲ၊ ဇာတိ အမျိုးအားဖြင့်ယုဒ လူဖြစ်သောငါ တို့သည် အမှန်သိ သည်နှင့်အညီပညတ် တရား၏ အကျင့် အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာ ၊ ငါ တို့ပင် ယေရှု ခရစ် ကိုယုံကြည် ကြပြီ။ အကြောင်းမူကား ၊ ပညတ် တရား၏ အကျင့် အားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မ ရောက်နိုင်ရာ။

ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။

သို့ဖြစ်၍ ပညတ် တရားသည် ဘုရားသခင် ၏ ဂတိ တော်နှင့် ဆန့်ကျင်ဘက် ဖြစ်သလော။ ထိုသို့ မ ဖြစ် နိုင်ရာ။ အသက် ရှင်စေနိုင် သော ပညတ် တရားကို ပေး တော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရား အားဖြင့် ဖြောင့်မတ် ခြင်းကိုရ လိမ့်မည် ။

စိတ် အားကြီးခြင်းကို မေး သော်၊ ငါသည် အသင်းတော် ကို ညှင်းဆဲ သောသူဖြစ်၏။ ပညတ် တရား အားဖြင့် ရ သော ဖြောင့်မတ် ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။

ထိုတဲတော်ကား၊ ပူဇော် သက္ကာနှင့် ယဇ် များကို ပူဇော် သော ကာလ တည်းဟူသောမျက်မှောက် ကာလ ပတ်လုံးပုံပမာ ဖြစ်၏။ ထို ပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက် လျှင်လည်း၊ ဝတ်ပြု သောသူအား စုံလင် ခြင်းအကျိုးကို မ ပေးနိုင် သည်ဖြစ်၍

ယဇ် ပုရောဟိတ်မည်သည်ကား ၊ နေ့တိုင်း ဝတ်ပြု လျက်၊ အပြစ် ကို မ ဖြေ နိုင် သော ယဇ် ကို အထပ်ထပ် အဖန်ဖန်ပူဇော် လျက်ရပ် နေရ၏