TSK

TSK · တမန်တော်ဝတ္ထု။ 13:46

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ လိုက် သောသူမ ရှိသော်လည်း ၊ မ တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။

ကြည့်ရှုလော့။ သင်သည် မ သိ ဘူးသော လူမျိုး ကို ခေါ် လိမ့်မည်။ သင့် ကို မ သိ ဘူးသော လူမျိုး တို့သည်လည်း ၊ သင် ၏ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကြောင့် ၊ သင့် ထံသို့ ပြေး လာကြလိမ့်မည်။ ထိုဘုရားသည် သင် ၏ဘုန်း ကို ပွင့်စေတော်မူ၏။

ထိုအိမ် သည် ထိုက်တန် လျှင် သင် တို့မြွက်သော မင်္ဂလာ ရောက် စေသတည်း။ မ ထိုက်တန် လျှင် သင် တို့ ထံသို့ ပြန်လာ စေသတည်း။

ကြွင်း သောသူ တို့သည်လည်း လုလင် တို့ကိုဘမ်းဆီး ၍ ညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကို ပြုကြ၏။

ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။

သင် တို့သည်ကိုယ်မ သိ သောအရာ ကို ကိုးကွယ် ကြ၏။ ငါ တို့သည်ကိုယ်သိ သောအရာ ကို ကိုးကွယ် ကြ ၏။ အကြောင်းမူကား ၊ ယုဒ လူတို့၌ ကယ်တင် ခြင်းအကြောင်းရှိ ၏။

ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊

လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။

ပေရဂေ မြို့မှ ထွက်သွား ပြန်၍ ပိသိဒိ ပြည်၊ အန္တိအုတ် မြို့သို့ ရောက် လျှင်၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ထိုင် ကြ၏။

သိလ နှင့် တိမောသေ တို့သည် မာကေဒေါနိ ပြည်မှ ရောက်လာ သောအခါ ၊ ပေါလု သည် သူတို့နှင့်တကွတရား ဟောခြင်းအမှုကိုသာ ဆောင်ရွက် ၍၊ ယေရှု ခရစ် ၏ အကြောင်းကို ယုဒ လူတို့အား ကြိုးစား၍ သက်သေခံ လေ၏။

လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။

ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့် ၊ ရှက်ကြောက် ခြင်းမ ရှိ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေးဦးစွာ ၌ ယုဒ လူ၊ နောက်၌ ဟေလသ လူ၊ ယုံကြည် သမျှသောသူအပေါင်း တို့ကို ကယ်တင် စေသော ဘုရားသခင် ၏တန်ခိုး တော်ဖြစ် ၏။

ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။

သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင်ထိမိ ကြပြီလောဟုမေး သော်၊ လဲ၍မ နေ ရကြ။ သူ တို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ ၊ သူ တို့၏လဲ ခြင်းအားဖြင့် ကယ်တင် တော်မူခြင်း ကျေးဇူးသည်တစ်ပါး အမျိုးသားတို့၌ သက်ရောက်လေ၏။

သခင် ဘုရား၌ ညီအစ်ကို အများ တို့သည် ငါ ခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ ခြင်းမရှိဘဲ၊ နှုတ်ကပတ် တရားတော် ကို သာ၍ ဟောပြော ဝံ့ ကြ၏။။